ချန်းချန်းရဲ့ ပန်းတိမ်စသင်တဲ့ ပထမဆုံးနေ့မှာ လုပ်ရတာက ဘော်သန့် ငါးမူးသား (ငွေဒြပ်စင် ကို ဆိုလိုတာပါ)
ကို ကျိုပြီး မြောင်း ကျဉ်းလောင်းပါတယ်... ပြီးတော့ ပေတုံးပေါ်တင်ပြီး လေးထောင့်ဖြစ်အောင် တူနဲ့ နှက်ရတာပါ...
ပထမဆုံး လက်မ၀က်မပြည့်တပြည့်ကနေ တူနဲ့ မီးပေးလိုက်နှက်လိုက် လုပ်လိုက်တာနဲနဲကြာတော့ ၄ ပေလောက် ထိအောင် ရှည်ထွက်လာပါတယ်အဲ့ဒါကို ထိပ်စလေးကို ချွန်ပြီး ကာဗိုက် နန်းပြင် နဲ့ ဆွဲလိုက်မီးပေးလိုက်ဆွဲလိုက် လုပ်လိုက်တာ တော်တော်သေးတဲ့ နန်းကြိုးမျှင်လေးဖြစ်တဲ့ထိပါပဲ... ဘယ်လောက်ထိသေးသွားလဲဆိုရင် အပ်ချည်လောက်ကို သေးသွားတာပါ... အဲ့ဒါက စက်မပါပဲ စသင်ရတဲ့ ပထမဆုံး ချန်းချန်း ရဲ့ ပန်းတိမ် သင်ခန်းစာပါ.... အင်ဂျင်နီယာကျောင်းတက်ရတော့လဲ ပန်းပဲ သင်ခန်းစာမှာ သံကို အဲ့လို ပေပေါ်တင်ပြီး တူနဲ့ နှက်ရတဲ့ လက်တွေ့ချိန်တခု လုပ်ခဲ့ ရဘူးတာကို မှတ်မိပါသေးတယ်...
သတ္တု တွေကို အဲ့လိုနည်းနဲ့ စတင်ရင်းနှီးခဲ့ တဲ့ ချန်းချန်းရဲ့ လက်တွေ့ဘ၀လေးတခုပါ....
ခင်မင်လေးစားလျက်
ချန်းချန်း (မောင်မိုင်း)
Subscribe to:
Post Comments (Atom)
0 comments: